အတိတ်တွေဟာ အရိပ်တွေမှာ ပုန်းလျှိုပျောက်ကွယ်သွားတယ်။
မှောင်မှိုက်ခြင်းတွေလည်း မီးခိုးငွေ့တွေနဲ့အတူ ကမ္ဘာမြေပြင်ကို ထွက်ပြေးသွားတယ်။
မှိုက်မဲခြင်းနဲ့ အတ္တတွေက ရိုးသားခြင်းအဖြစ် အသွင်ပြောင်းသွားကြတယ်။
ပူလောင်ခြင်းတွေဟာ အေးချမ်းခြင်းတွေအဖြစ် ပုံပေါ်လာတယ်။
စိတ်ကူးတွေက မျှော်လင့်ချက်တွေအဖြစ် ဖြစ်တည်လာတယ်။
ရိုင်းစိုင်းမှုတွေဟာ ယဉ်ကျေးမှုတွေကို ပေါင်းဖက်လာတယ်။
မသိခြင်းတွေဟာ အသိတရားအဖြစ် အရောင်တောက်လာတယ်။
ဆိုးခြင်းက ကောင်းခြင်းကို ပြန်လည် စားသုံးတယ်။
နောက်ဆုံးတော့ ကြွေရွက်ဝါတွေဟာ ဝေဆာတဲ့ ညွှန့်ဖူးတွေအဖြစ် လူးလွန့် ရှင်သန်လာပြီ.........။